လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် သူ့မှာ သူဖြစ်ချင်တာလေးတွေရှိပါမယ်... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူဟာ ဖြစ်ချင်တာကို မရွေးချယ်ဖြစ်ပဲ ဖြစ်သင့်တာကိုပဲ ရွေးချယ်ပြီး လုပ်ခဲ့ရပါလိမ့်မယ်... ဒါမှမဟုတ် ဖြစ်နေတာကိုပဲ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပါလိမ့်မယ်...
အဲဒီလိုပဲ ကျွန်မမှာ ကျွန်မဖြစ်ချင်တာလေးတွေရှိခဲ့ပါတယ်... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သင့်တာကိုပဲ ဦးစားပေးခဲ့ပါတယ်... ဒါပေမယ့် ဖြစ်သင့်တာကိုပဲ လုပ်ဆောင်နေရတဲ့ အကြိမ်အရေအတွက် များလာမယ်ဆိုရင်တော့ စိတ်အလိုမကျမှုတွေဖြစ်တတ်ပါတယ်... ဒေါသစိတ်လေးလည်း ကပ်ညိပါလာနိုင်ပါသေးတယ်... တစ်ခါတစ်လေကျတော့လည်း ဖြစ်သင့်တာကိုလုပ်ဆောင်ရင်း ဖြစ်နေတဲ့အတိုင်းလေးပဲ လိုက်လျောညီထွေစွာ နေလိုက်ရပါတယ်... ပျော်တယ်ရယ်လို့တော့ မရှိပါဘူး... ဒါပေမယ့် စိတ်ဆင်းရဲလားဆိုတော့လည်း စိတ်မဆင်းရဲပါဘူး... စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါကျရင်တော့ ဒေါသထွက်လွယ်တတ်တာလေးတစ်ခုပေါ့...
တစ်ချို့တစ်ချို့သော ဖြစ်ချင်မှုတွေထဲမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အတ္တတွေ၊ မာနတွေ စသည်ဖြင့် ရှိတတ်ပါတယ်... အဲဒီလိုမျိုးဆိုရင်တော့ ကိုယ့်ရဲ့ဖြစ်ချင်မှုထက် ဖြစ်သင့်တာကိုပဲ ရွေးချယ်သင့်ပါတယ်... အဲဒီအတွက်လည်း ဘယ်တော့မှ နောင်တမရမိပါစေနဲ့... ကိုယ်ဖြစ်ချင်တာလေးက ကိုယ့်စိတ်ချမ်းသာဖို့အတွက်ပဲဖြစ်ပြီး တခြားလူတွေအတွက် စိတ်ဆင်းရဲမှုဖြစ်စေမယ်ဆိုရင်တော့ ဘယ်ကောင်းမှာလဲနော်... ကိုယ်လည်းစိတ်မဆင်းရဲ၊ သူလည်းစိတ်ချမ်းသာဆိုတဲ့အတိုင်း ဖြစ်သင့်တာကိုပဲ ရွေးချယ်သင့်ပါတယ်... ကိုယ်ဖြစ်ချင်မှုဆဒ္ဒက ကိုယ်လည်းစိတ်ချမ်းသာ၊ သူလည်းစိတ်ချမ်းသာဆိုရင်တော့ အကောင်းဆုံးပေါ့နော်... ဒါမှမဟုတ် ဘယ်သူကိုမှ မထိခိုက်ဘူးဆိုရင်လည်း ကောင်းပါတယ်...
တစ်ကယ်လို့ ကျွန်မဖြစ်ချင်တဲ့ ဆဒ္ဒလေးဟာ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင်... "ကျွန်မဖြစ်ချင်တာလေး ဘယ်တော့မှဖြစ်ခွင့်ရှိမှာပါလဲ... ဒါမှမဟုတ် တစ်ကြိမ်တစ်ခါလောက်များ ကျွန်မလုပ်ချင်တာလေးများ လုပ်ခွင့်ပြုပါတော့လား..."
'ဝန်ခံခြင်း'
6 years ago
5 comments:
ကဲ..ကဲ...လုပ်ချင်တာတွေ လုပ်ခွင့်ပြုလိုက်ပြီ...လုပ်တော့။ အဟီးးး)
ဘ၀မှာ
ဖြစ်ချင်တဲ့ ဆန္ဒတွေ
လုပ်ချင်တဲ့ ဆန္ဒတွေ
အမြန်ဆုံး လုပ်နိုင် ဖြစ်နိုင်ပါစေ
နော်။
ကျေးဇူးပဲ Dream ရေ... ပေးတဲ့ဆုနဲ့ ပြည့်ဝရပါလို၏။
အင်း....ဘဝမှာ ဖြစ်ချင်တာရယ်.... ဖြစ်သင့်တာရယ်.... ဖြစ်လာတာရယ်.... ဒီ(၃)ခု ထပ်တူကျဖို့က အခက်သားလား။
ဟုတ်တယ်နော်... ဘယ်တော့များမှ ထပ်တူကျမလဲ မသိဘူးနော်...
စာပြန်ရေးပါဦး Leo Zin ရေ.. :)
Post a Comment